ကိုဗစ် ကုသရေးအတွက် သိန်း တစ်သောင်းလှူလိုက်တဲ့ ဧရာဝတီဘဏ်
|ရန်ကုန် သုဝဏ္ဏကွင်းမှာ တည်ဆောက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကုသရေး ယာယီဆေးရုံအတွက် ဧရာဝတီဘဏ်၊ AYA SOMPO Insurance နဲ့ မက်စ်မြန်မာ အုပ်စုက ငွေကျပ် သိန်း ၁၀,၀၀၀ မတည် လှူဒါန်းခဲ့တယ်လို့ ဖော
င်ဒေးရှင်းက ထုတ်ပြန်ပါတယ်။ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ လူနာတွေကို လက်ခံကုသပေးမယ့် ဧရာဝတီ စင်တာ ယာယီဆေးရုံ အဆောက်အဦနဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ၊တခြားလိုအပ်တာတွေ
အတွက် လှူဒါန်းတာလို့ ဆိုပါတယ်။လူနာ ၄၀၀ ကျော်ကို ကုသပေးနိုင်မယ့် အဲဒီဆေးရုံကို စက်တင်ဘာ ၁၂ ရက်က သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ တည်ဆောက်ခဲ့ တာဖြစ်ပြီး ဒီနေ့ညနေမှာ လူနာတွေ စတင် ထားနိုင်
ရည်မှန်းထားပါတယ်။ယာယီ ရောဂါကုသရေးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကုသရေးဆိုင်ရာ ကိစ္စတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စီမံဆောင်ရွက်သွာ းမှာဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းနဲ့စေတနာ့ဝန်ထမ်း အ
ယောက် ၁၀၀ အပါအဝင် လူနာတွေရဲ့ နေ့စဉ် အစားအသောက်ကုန်ကျစရိတ်တွေကို ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံသွားမှာ ဖြစ်ပါတယ်။အခုတော့ တခြားစီးပွားရေးု လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကလည်း လိုအပ်တဲ့ ပစ္စည်း
တွေနဲ့ ငွေကြေးတွေ လာရောက်လှူဒါန်းနေကြပါတယ်။စာဖတ်သူမိဘပြည်သူများအနေဖြင့်လည်း သာဓုအနုမောဓနများခေါ်ဆိုနိုင်ရန် နှင့် လှူဒါန်းလိုသူများ ရှိပါက သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေးကြပါအုံးနော်။
Credit AYA Bank