Author: Admin_John

ဖုန်းအရမ်းစွဲနေတဲ့ သားလေးကို ပညာပေးလိုက်တဲ့မေမေ

ကလေးမိဘများ ဖုန်းဆော့လွန်းတဲ့ မိမိရဲ့ သားသားမီးမီးလေးတွေကို တကယ်ချစ်တယ်ဆိုရင် ဒီနည်းလမ်းလေးကို သုံးလိုက်ကြပါလို့ ချစ်ပရိသတ်ကြီးကို အကြံကောင်းလေးပေးလိုက်ပါရစေ။ဖုန်း အရမ်းဆော့တဲ့ ကလေးကို ဖုန်းမဆော့နဲ့လို့ ပြောလို့ ပြောမရခဲ့ရင် ကလေး အိပ်ချိန်မှာ Eyeshadow ကို အခုလို ပုံပါတိုင်း လိမ်းပေးလိုက်ပါ..။ ကလေးနိုးလာချိန်မှာ ကလေးရဲ့ မျက်လုံးကိုမြင်တော့ လန့်ပြီးငိုပြ ပြာယာခတ်ပြလိုက်ပါ။ ဒါဆိုရင်ကလေးလည်း ကြောက်ပြီးနောက်ဆော့ရဲတော့မှာ
Read More

ကိုဗစ်ကာလ ကိုယ်ခံအားတက်စေတဲ့ စွပ်ပြုတ် လုပ်နည်းအပြည့်အစုံ

ကိုယ်ခံအားတက်စေတဲ့ “မုန်လာဥကြက်စွပ်ပြုတ်”ပြုလုပ်နည်းလေး ခုလိုချိန်လုံးဝပြုတ်သောက်သင့်ပါတယ်အားလုံးကပ်ရောဂါဆိုးကြီးမှကြော်လွှားနိုင်ကြပါစေနော်။ ကြက်စွပ်ပြုတ်လေးမှာ မုန်လာဥဖြူနဲ့မုန်လာဥနီကို အဓိကထည့်သုံးရခြင်းရဲ့ အကြောင်းအရင်းက သူတို့မှာကိုယ်ခံအားကိုမြင့်တက်စေတဲ့ Vitamin များစွာ ပါ၀င်ပြီး အစာခြေအူလမ်းကြောင်း စနစ်ကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တွေပါ ပါ၀င်နေလို့ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကိုက်ခဲခြင်း နဲ့ နှာရည်ယိုနှာပိတ်ခြင်းများကိုပါ အထိုက်လျောက် သက်သာစေ အစွမ်းသတ္တိရှိတဲ့ ဂျင်း ၊ကြက်သွန်ဖြူကိုပါ များများလေး ထည့်ချက်ပြီး
Read More

မိုးတွင်းမှာ ကားဘော်ဒီ သံချေးမတတ်အောင် ဘယ်လိုကာကွယ်မလဲ

ကားပိုင်ရှင်တိုင်းလိုလို ကြုံတွေ့ရတဲ့စိတ်ပျက်စရာပြသနာကတော့ ကားဘော်ဒီသံချေးတက်တဲ့ပြဿနာပါ။ ဒီသံချေးတက်တာက ကားကို ကြည့်မကောင်း ၊ ရှုမကောင်းဖြစ်သလို အခြေအနေဆိုးရွားလာရင် ကားဘော်ဒီ အသား ပဲ့ထွက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကားကို သေချာထိမ်းသိမ်းပြီ မဖြစ်ခင် ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ရင် ကားဘော်ဒီသံချေးတက်တဲ့ ပြသနာကိုရှောင်ရှားနိုင်ပါတယ်။ ၁။ သံချေး မပျံ့ခင် ကြိုတင် ရှင်းလင်းပါ။ သံချေးတစ်နေရာလေးမှာစတက်လာပြီဆိုရင် ထိုနေရာတစ်ဝိုက်မှာ သံချေးတွေ ပျံ့နှံ့လာတတ်ပါတယ်။
Read More

လူတိုင်းသိထားသင့်တဲ့ ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအကြောင်း

၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။ ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။ ၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။ နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာတချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှယာဉ်သည်ထိခိုက်မှုမ ဖြစ်စေရန်သင့်လျော်သောအကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေမရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလိုအရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့ရှေ့ယာဉ်အမှားဖြစ်ပါ တယ်။လမ်းညွှန်အမှတ်အသားကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။ ၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။ မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်ယာဉ်သည်ဦးစားပေးရ ပါတယ်။တူညီလမ်းဆုံသို့ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစားပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။ ၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။ ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)ကြောရှိတဲ့လမ်း ဆိုလက်ဝဲဘက်အစွန်းကြောသည်ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာအသုံးပြုရမှာဖြစ်ပါတယ်။ ၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။ Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။
Read More

အိမ်စားယုံမက ဝင်ငွေပါရနိုင်တဲ့ အိမ်တွင်းကန်စွန်းဥ စိုက်နည်း

သင့်မှာ အစားအစာအတွက်စိုက်စရာမြေကြီး မရှိလည်းမပူပါနဲ့။ လူ့ဦးနှောက်က ကြံဆဖန်တီးနိုင်စွမ်းရှိပြီးသားပါ။ကိုယ်ကြိုက်တဲ့ ကန်စွန်းဥအမျိုးအစားကို အရင်ရှာဖွေပါ။ ကန်စွန်းဥ@sweet potatoဗီတာမင်ဓာတ်ပါဝင်တဲ့ စားစရာ။မျက်လုံး၊ အသားအရေ၊ အာရုံကြော၊အရိုး၊ ကြွက်သားများကို သန်စွမ်းစေသလို အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ကန်စွန်းဥ အရွက်ကိုလည်းစားသုံးနိုင်တယ်။ ကန်စွန်းဥကိုလည်း ဟင်းချက်စားနိုင်တယ်။ပြုတ်မယ်၊ မီးနဲ့ဖုတ်မယ် သို့မဟုတ်ဆန်မှုန့်နဲ့ကြော်စားမယ်။ မိမိ တီထွင်သလို ပြုလုပ်စားသုံး လို့ရပါတယ်။ ဘိလပ်မြေ
Read More

ကလေးငြိမ်အောင် ဖုန်းပေးထားမိတဲ့ မိဘတွေ သတိထား

ကလေးကို ဖုန်းပေးကိုင်ပြီး အလိုလိုက် ဂိမ်းပေး​ဆော့ခိုင်းတဲ့ မိဘများ တကယ်ဖြစ်ရင် ကလေးဘဲခံရတာ ကိုယ်ခံရတာမှာမဟုတ်တာနော …… အခုခေတ်က ကလေးကို သေချာ မထိန်းချင်မသင်ချင်ကြတော့ဘူး ကလေးကိုမရိုက်ရဘူး ဘာညာပြောတာနဲ့ မိဘတွေက ဘာမှကို မဆုံးမတော့ဘူး ရိုက်တာနဲ့ ဆုံးမတာနဲ့ မတူပါဘူး ရိုက်မှ ဆုံးမတာမဟုတ်ဘူး မရိုက်ဘဲလေပြေလေးနဲ့လဲ ဆုံးမလို့ရတယ် အာရုံလွဲ လို့ရတယ် ကိုကအခရာဘဲ
Read More

သနပ်ခါးလိမ်းသူ မိန်းခလေးတိုင်း သိသင့်တဲ့ အရေးကြီးအချက်လေးတွေ

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ်သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲ အဲသလိုလုပ်လို့မရပါဘူး။ ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြုခင်မှာဝယ်လာတဲ့ကျောက်ပျဉ် ကိုရေစင်စင်ဆေး ပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှ. ာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကို သွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါး ကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်။ထွက်လာတဲ့
Read More

မသိခဲ့လို့ စားပြီးလွှင့်ပစ်ခဲ့တဲ့ ပိန္နဲသီးစေ့၏ အသုံးဝင်ပုံများ

နောင်တအရဆုံးက ပိန္နဲသီးစားပြီး အစေ့ကို လွှင့်ပစ်ခဲ့မိတာပဲပိန္နဲစေ့ တွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်း။ပိန္နဲသီး စားတဲ့အခါ များသောအား ဖြင့်တော့ အစေ့တွေကို လွှင့်ပစ် လေ့ရှိ ကြပါတယ်။တကယ်တော့ ပိန္နဲစေ့မှာ ပြောမဆုံးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာသိထားပြီး အကျိုးရှိရှိသုံးနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။ အရေးအကြောင်းများ သက်သာစေခြင်း ============= ပိန္နဲစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခဏစိမ်ထားပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။
Read More

မနက်ဖြန် မိုးကြီးမည့် ဒေသများ နဲ့ မြို့နယ်များ စာရင်း

မနက်ဖန် အင်္ဂါနေ့ (၂၉/၆/၂၀၂၁) အတွက် မိုးအခြေအနေ ကြိုတင်ခန့်မှန်းချက်များ….. Skymet-India နှင့် Meteoblue app: Switzerland (၂)မျိုးဖြင့်ဖေါ်ပြထားပါသည် ။ 🌦️ ပုံ-၁ (Skymet-India) (မိုးရေချိန်ကို မီလီမီတာဖြင့်တရက်စာ(၂၄ နာရီအတွက်)ဖေါ်ပြပါထားသည်) 👉🏿 မိုးနေချိန်ကို mm/day (၂၄ နာရီ/၁ရက်အတွင်းရွာသွန်းသော မီလီမီတာ မိုးရေချိန်) အစိမ်းနုရောင် 0~5
Read More

ယနေ့ (22.6.2021) တွင် ရန်ကုန် (၈)မြို့နယ် ဓာတ်အားပြတ်တောက်မည်

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်(8)ခုတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများထိန်းသိမ်းပြုပြင်ခြင်းကို (၂၂.၆.၂၀၂၁) ရက်နေ့၊ အင်္ဂါနေ့တွင် (၀၉:၀၀)နာရီ မှ(၁၂:၀၀)နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း။ ဒဂုံဆိပ်ကမ်းကမာရွတ်သန်လျင်ကျောက်တန်လှည်းကူးဖောင်ကြီးမင်္ဂလာဒုံထောက်ကြန့်မြို့နယ်များ၏ ရပ်ကွက်နေရာအချို့တို့တွင်ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ ကြေညာချက်ထုတ်ပြန်ထားသည်။ အသေးစိတ်သိရှိလိုပါက 1717 သို့စုံစမ်းမေးမြန်းနိုင်ပါသည်။ Zawgyi Version ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်(8)ခုတွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်
Read More